အဆင့်ရှင့်ပြည့်နည်းအားဖြင့် လူမဟုတ်သော တိရစ္ဆာန်များကို ခွဲခြမ်းစိတ်ဖြာလျှင် ရှုပ်ထွေးလှသော သံပတ်ရုပ်သဖွယ်သာ ဟု ပြင်သစ်လူမျိုး သင်္ချာနှင့် အတွေးအခေါ် ပညာရှင် ဒေကား (Descartes) က ဆိုဖူး။
ဒဿနိကဗေဒမှ အဆင့်ရှင်းပြည့် ဝါဒ (အင်္ဂလိပ်: reductionism) သည် "သဘာဝဖြစ်အင်နှင့် သဘာဝသဘောတရား မျိုးစုံကို အခြေခံကျ ရှင်းလင်းသော အခြေခံ ဖြစ်စဉ်များဖြင့် အပြည့်ရှင်းပြရန် အားထုတ်ခြင်း ဖြစ်သည်။ ရှုပ်ခတ် အစုအဝေး (complex system) တခုခုကို သူ့အစိတ်အပိုင်းများ၏ ပေါင်းလဒ်အဖြစ် ကောက်ယူရှင်းပြမည့် သင်္ချာဉာဏ်၊ ဒဿနိက တွေးနည်းဟုလည်း ဆိုကြသည်။[၁]
အောက်စဖို့ဒ် ဒသနိကဗေဒ လက်စွဲ စာအုပ်တွင် ဤ အဆင့်ရှင်းပြည့် ဝါဒ သည် "ဒဿနိကဗေဒ ဝေါဟာရထဲမှ အသုံး အများဆုံးနှင့် အသုံး အလွဲဆုံး စကားလုံး" ဟု ဆို၍ ကဏ္ဍအဆင့် ၃ပိုင်း ဆက်ခွဲနိုင်သည်ဟု ဆို၏။[၂]
- ဖြစ်ဖွဲ့မှု အဆင့်ရှင်းပြည့်ဝါဒ သည် "လောကတခုလုံးက လက်တဆုပ်စာ အစိတ်အပိုင်းများဖြင့် ဖွဲ့စည်းထားသည်" ဟု ယူမှတ်ခြင်း။
- သိပ္ပံ အဆင့်ရှင်းပြည့်ဝါဒ သည် ပိုမိုအခြေခံကျ၊ အစိတ်အပိုင်းဆန်သော အရာများအဖြစ် စိုင်းယန့်စ်ကျကျ နားလည်ပြန်ဆိုရန် အားထုတ်ခြင်း။
- သီအိုရီ အဆင့်ရှင်းပြည့်ဝါဒ သည် အသစ်ပေါ်လာသည့် အယူဝါဒဖြစ်လျက်၊ ရှိနှင့်ပြီးသော ၂ခုကို ပယ်ဖျက်ခြင်း မမည်သော်လည်း ပိုမိုအခြေခံ အစိတ်အပိုင်းကျအောင် ဆက်လက် ခွဲစိတ်သည်။ သူ့ထံ၌ သဘောဖတ်ယူမှု၊ တွေးဆက်မှု၊ ဖြေရှင်းချက်ထုတ်မှု ဟူသည့် အဆင့် ၃ပိုင်း ထပ်ကွဲသေးသည်။