www.fgks.org   »   [go: up one dir, main page]

မာတိကာသို့ ခုန်သွားရန်

ဝါဝါထွန်း

ဝီကီပီးဒီးယား မှ
ဝါဝါထွန်း
ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်
တာဝန်သက်တမ်း
၂၈ နိုဝင်ဘာ ၂၀၁၉ – ၁၆ ဇွန် ၂၀၂၃
ခန့်အပ်သူဦးဝင်းမြင့်
သမ္မတ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးကျောက်
ဆက်ခံသူဒေါ် မြအေး [၁] [၂]
ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး
တာဝန်သက်တမ်း
၂၉ နိုဝင်ဘာ ၂၀၁၈ – ၂၇ နိုဝင်ဘာ ၂၀၁၉
ခန့်အပ်သူဦးဝင်းမြင့်
သမ္မတ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၅၈
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ပညာရေးရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်
အလုပ်အကိုင်တရားသူကြီး

ဒေါ်ဝါဝါထွန်း(၁၉၅၈ဖွား) သည် [၃]တရားလွှတ်တော်များထဲ ပထမဦးဆုံး အမျိုးသမီးတရားသူကြီးချုပ်အဖြစ် ခန့်အပ်ခံရသူဖြစ်သည်။ သူမသည် ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ပြီး အသက်၆၅နှစ်ပြည့်သည့် ၂၀၂၃ တွင် သက်ပြည့်အငြိမ်းစားယူသည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

သူမသည် ရခိုင်ပြည်နယ် သံတွဲမြို့ တွင် မွေးဖွားသည်။ ၁၉၈၂ ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ဥပဒေဘွဲ့ ရရှိသည်။ [၄]

ဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

တရားရေးအရာရှိအဆင့်(၄)ဖြင့် တရားရေးဌာနတွင် ၁၉၈၅ ခုနှစ်ကစ၍ တာဝန်ထမ်းဆောင်သည်။ စစ်တွေခရိုင်တရားသူကြီးအဆင့်အထိ တရားရေးဌာနတွင် စုစုပေါင်းလုပ်သက်(၃၂)နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သည်။

တရားလွှတ်တော်တရားသူကြီးတာဝန်[ပြင်ဆင်ရန်]

ဒေါ်ဝါဝါထွန်း သည် ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၁၈ နိုဝင်ဘာ၂၉ တွင် ခန့်အပ်ခံရသည်။ထိုတာဝန်ကို စစ်တွေခရိုင်တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးသည့်နောက် ၅လအကြာတွင် သမ္မတဦးဝင်းမြင့်က သူမအား ပြည်နယ်တရားလွှတ်တော်တရားသူကြီး အဖြစ် ရွေးချယ် ခန့်အပ်ခြင်းဖြစ်သည်။ [၅]ယင်းနောက် ၂၀၁၉ နိုဝင်ဘာ ၂၈ တွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဖြစ်လာသည်။[၆]အမျိုးသမီးတစ်ဦးအနေဖြင့် ပထမဦးဆုံး တရားလွှတ်တော်တရားသူကြီးချုပ် အဖြစ် ခန့်အပ်ခံရခြင်းလည်းဖြစ်သည်။ထိုတာဝန်ကို အသက်၆၅ နှစ် ပြည့်မြောက်သည်အထိ တစ်ဆက်တည်း ထမ်းဆောင်ကာ ၂၀၂၃ တွင်အငြိမ်းစားယူခဲ့သည်။ [၇]

မိသားစုဘဝ[ပြင်ဆင်ရန်]

သူမသည် အိမ်ထောင်မရှိသူတစ်ဦးဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ်၊ ၃၇/၂၀၂၃ ကို ယနေ့ ရက်စွဲဖြင့်ထုတ်ပြန် (ဒေါ်မြအေးအား ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်း)MRTV News (၁၇ ဇွန် ၂၀၂၃)။ ၂၃ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ဒေါ်မြအေးကို ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် စစ်ကောင်စီက ရာထူးတိုးမြှင့် ခန့်အပ်narinjara (၁၈ ဇွန် ၂၀၂၃)။ ၂၃ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ဒေါ်ဝါဝါထွန်းကို ရခိုင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် အတည်ပြုnarinjara (၂၉ နိုဝင်ဘာ ၂၀၁၉)။ ၂၃ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဒေါ်ဝါဝါထွန်းအား ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် ရခိုင်ပြည်နယ်လွှတ်တော်သဘောတူအတည်ပြုEleven Media Group (၂၈ နိုဝင်ဘာ ၂၀၁၉)။ ၂၃ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. သမ္မတရုံးမှအမည်စာရင်းတင်သွင်းသည့် ဒေါ်ဝါဝါထွန်းအား ပြည်နယ်တရားသူကြီးချုပ်အဖြစ် ခန့်အပ်myanmaplatform (၂၈ နိုဝင်ဘာ ၂၀၁၉)။ ၂၃ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးMyanmar Digital News (၂၉ နိုဝင်ဘာ ၂၀၁၉)။ ၂၃ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း ဘူးသီးတောင် အကျဉ်းထောင်အား လှည့်လည်ကြည့်ရှုစစ်ဆေးMyanmar Digital News (၁၆ ဇန်နဝါရီ ၂၀၂၂)။ ၂၃ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။