လာဟိုး ခံတပ် သည် ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့ ရှိ ရဲတိုက်တစ်ခု ဖြစ်သည်။ [၁] ထိုခံတပ်သည် လာဟိုး တံတိုင်းမြို့၏ မြောက်ဘက်ဆုံးတွင် တည်ရှိပြီး ဧရိယာ ဟက်တာ ၂၀ ကျော်မျှ ဖြန့်ကျက် တည်ရှိသည်။ [၂] ထိုခံတပ် အတွင်း အထိမ်းအမှတ် အဆောက်အဦး ၂၁ ခုမျှ ရှိပြီး အချို့မှာ အက္ကဘာ ဘုရင် လက်ထက်ကတည်းက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ လာဟိုးခံတပ်အား မဂိုအင်ပါယာ အလွန်ကြီးကျယ် အခမ်းနားဆုံး ဖြစ်နေချိန်နှင့် အကြွယ်ဝဆုံး ဖြစ်နေချိန် [၃] ၁၇ ရာစု အတွင်း တစ်ခုလုံးနီးပါးကို ပြန်လည် တည်ဆောက်ခဲ့သဖြင့် လူသိများထင်ရှားသည် [၄]