မြီးနီလေး (Minla ignotincta) သည် ငှက်မျိုးစိတ်တခုဖြစ်ပြီး အိန္ဒိယတိုက်ငယ်နှင့် အရှေ့တောင်အာရှဒေသတွင် တွေ့ရသည်။ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ နီပေါနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတွင် တွေ့ရှိရလေ့ရှိသည်။ ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ယင်းငှက်ကို မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။[၂]