www.fgks.org   »   [go: up one dir, main page]

မာတိကာသို့ ခုန်သွားရန်

ဆွီဒင်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.5.4) (ရိုဘော့က တည်းဖြတ်နေသည် - nah:Suecia
အရေးမကြီး r2.5.5) (ရိုဘော့က တည်းဖြတ်နေသည် - got:𐍃𐍅𐌴𐌰𐍂𐌴𐌹𐌺𐌹/Sweareiki
စာကြောင်း ၁၂၇ - စာကြောင်း ၁၂၇ -
[[gl:Suecia - Sverige]]
[[gl:Suecia - Sverige]]
[[gn:Suesia]]
[[gn:Suesia]]
[[got:𐍃𐍅𐌴𐌰𐍂𐌴𐌹𐌺𐌹]]
[[got:𐍃𐍅𐌴𐌰𐍂𐌴𐌹𐌺𐌹/Sweareiki]]
[[gu:સ્વિડન]]
[[gu:સ્વિડન]]
[[gv:Yn Toolynn]]
[[gv:Yn Toolynn]]

၂၁:၀၁၊ ၁ ဇူလိုင် ၂၀၁၁ ရက်နေ့က မူ

ကင်းဒမ်းအော့ဖ်ဆွီဒင်
ဆွီဒင်နိုင်ငံ၏ အလံတော်
အလံတော်
ဆွီဒင်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆွီဒင်နိုင်ငံ ၏ တည်နေရာ
မြို့တော်စတော့ခ်ဟုမ်းမြို့
အကြီးဆုံးမြို့စတော့ခ်ဟုမ်းမြို့
ရုံးသုံး ဘာသာစကားများဆွီဒင်ဘာသာ
လူမျိုးစုဆွီဒစ်ရှ်(၈၁.၉%)ဖင်လန်(၅%ခန့်)အခြား (၁၃%ခန့်)
အမျိုးအစားပါလီမန်ဒီမိုကရေစီနှင့် စည်းမျဉ်းခံ ဘုရင်စနစ်
အစိုးရ
• ဘုရင်
ကားလ် ၁၆ ဂူစတဖ်
• ဝန်ကြီးချုပ်
Fredrik Reinfeldt
ဧရိယာ
• စုစုပေါင်း
၄၄၉,၉၆၄ km² (၁၇၃,၇၄၅ sq mi) (အဆင့်: ၅၇)
• ရေထု (%)
၈.၇
လူဦးရေ
• ခန့်မှန်း
၉,၃၅၄,၄၆၂ (၂၀၀၉)
• သိပ်သည်းမှု
၂၀.၆/km²(၅၃.၃/sq mi) (အဆင့် - ၁၉၂)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
US $ ၃၃၇.၈၉၃ ဘီလီယံ
• Per capita
US $ ၃၆,၅၀၂
HDI၀.၈၈၅ (မြင့်)
အမှား။ မရေရာသော HDI တန်ဖိုး · 
ငွေကြေးဆွီဒစ်ရှ် ကရိုနာ (SEK)
တယ်လီဖုန်းကုဒ်+၄၆
Internet TLD.se


ဆွီဒင်နိုင်ငံ (တရားဝင် အခေါ်အားဖြင့် ကင်းဒမ်းအော့ဖ် ဆွီဒင်) သည် မြောက်ဥရောပရှိ စကင်ဒီနေးဗီးယန်း ကျွန်းဆွယ်တွင် ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဆွီဒင်နိုင်ငံသည် နော်ဝေနိုင်ငံဖင်လန်နိုင်ငံ တို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျှက် ရှိပြီး ဒိန်းမတ်နိုင်ငံနှင့် အိုရီဆန် ရေလက်ကြားမှ တဆင့် တံတားဖြင့် ဆက်သွယ်ထားသည်။

၄၅၀,၂၉၅ စတုရန်း ကီလိုမီတာ (၁၇၃,၈၆၀ စတုရန်းမိုင်) ရှိသဖြင့် ဆွီဒင်သည် ဥရောပ သမဂ္ဂ တွင် ဧရိယာ အနေဖြင့် တတိယ အကြီးဆုံး နိုင်ငံ ဖြစ်ပြီး လူဦးရေ ၉.၄ သန်း ရှိသည်။ ဆွီဒင်တွင် လူဦးရေ သိပ်သည်းမှု လျော့နည်းပြီး စတုရန်း ကီလိုမီတာ တစ်ကီလိုမီတာတွင် ၂၁ ယောက် ( ၁ စတုရန်းမိုင်လျှင် ၅၄ ယောက်) မျှသာ နေထိုင်သည်။ လူဦးရေ သိပ်သည်းမှုသည် နိုင်ငံ၏ တောင်ပိုင်း တစ်ြခမ်းတွင် ပို၍ များသည်။ ၈၅ ရာခိုင်နှုန်းသော သူတို့သည် မြို့ပြဒေသတွင် နေထိုင်ကြသည်။ ဆွီဒင်၏ မြို့တော် ဖြစ်သော စတော့ခ်ဟုမ်းတွင် လူဦးရေ ၁.၃ သန်းမျှ ရှိပြီး ဆွီဒင်၏ အကြီးဆုံးမြို့လည်း ဖြစ်သည်။

ဆွီဒင်နိုင်ငံသည် လွတ်လပ်ပြီး စည်းလုံးသော နိုင်ငံအဖြစ် အလယ်ခေတ် ကတည်းက ပေါ်ပေါက်လာခဲ့သည်။ ၁၇ ရာစု အတွင်းတွင် ဆွီဒစ်ရှ် အင်ပိုင်ယာကို ထူထောင်ရန် အတွက် နိုင်ငံ၏ နယ်နိမိတ်ကို ချဲ့ထွင်ခဲ့သည်။ အင်ပိုင်ယာသည် ဥရောပတွင် တန်ခိုးကြီးထွားသော အင်ပိုင်ယာတစ်ခု အဖြစ် ၁၇ ရာစု အတွင်းနှင့် ၁၈ ရာစု အစောပိုင်းတို့တွင် ကြီးထွားလာခဲ့သည်။ ၁၈ ရာစုနှင့် ၁၉ ရာစု အတွင်းတွင် စကင်ဒီနေးဗီးယန်း ကျွန်းဆွယ်ပြင်ပတွင် သိမ်းပိုက်ထားသော နယ်မြေ အများအပြားကို လက်လွတ် ဆုံးရှုံးခဲ့ရသည်။ ယနေ့ခေတ် ဖင်လန်နိုင်ငံ ဖြစ်သော ဆွီဒင်နိုင်ငံ အရှေ့ပိုင်းကို ၁၈၀၉ တွင် ရုရှားတို့ထံသို့ ဆုံးရှုံးခဲ့ရသည်။ ဆွီဒင်အနေနှင့် နောက်ဆုံးပါဝင် ပတ်သက်ခဲ့သော စစ်ပွဲမှာ ၁၈၁၄ ခုနှစ်တွင် ဖြစ်ပြီး ဆွီဒင် အနေနှင့် စစ်အင်အားကို အသုံးပြု၍ နော်ဝေကို ပြည်ထောင်စု အဖြစ် သွတ်သွင်းခဲ့သည်။ ထိုအချိန်မှ စ၍ ဆွီဒင်သည် ငြိမ်းချမ်းသော နိုင်ငံ ဖြစ်ခဲ့ပြီး ငြိမ်းချမ်းရေး ကာလတွင် ဘက်မလိုက် ဝါဒကို ကျင့်သုံးပြီး စစ်ပွဲကာလတွင် မည်သူ့ဘက်မှ မပါဝင်ဘဲ နေခဲ့သည်။ ဆွီဒင်သည် ၁၉၉၅ ဇန်နဝါရီ ၁ ရက်မှ စ၍ ဥရောပသမဂ္ဂ ၏ အဖွဲ့ဝင် ဖြစ်ခဲ့ပြီး OECD အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ လည်း ဖြစ်သည်။

ယနေ့ခေတ် ကာလတွင် ဆွီဒင်သည် စည်းမျဉ်းခံ ဘုရင်စနစ်နှင့် ပါလီမန် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးပြီး အလွန် တိုးတက်သော စီးပွားရေး အခြေအနေ ရှိသည်။ ၂၀၁၀ ခုနှစ်တွင် ကမ္ဘာ့ စီးပွားရေး ဒီမိုကရေစီ ကိန်းညွှန်းတွင် စတုတ္တနေရာ အဆင့်သတ်မှတ်ခြင်း ခံခဲ့ရပြီး ကုလသမဂ္ဂ၏ လူထုဖွံ့ဖြိုးမှု ကိန်းညွှန်းတွင် နံပါတ် ၉ အဆင့် သတ်မှတ်ခြင်း ခံခဲ့ရသည်။ ၂၀၁၀ တွင် ဆွီဒင်သည် ဥရောပ သမဂ္ဂအတွင်း အဆင့်အမြင့်ဆုံး တီထွင်ထုတ်လုပ်နိုင်မှု နှင့် အမြန်ဆုံး စီးပွားရေး တိုးတက်မှု တို့ ရှိခဲ့သည်။ ကမ္ဘာ့ စီးပွားရေး ဖိုရမ်က ဆွီဒင်အား ကမ္ဘာပေါ်တွင် ဒုတိယမြောက် ပြိုင်ဆိုင်မှု အကောင်းဆုံး နိုင်ငံ အဖြစ် သတ်မှတ်ခဲ့သည်။ ဆွီဒင်သည် အချို့သော နယ်ပယ်များတွင် စက်မှုနှင့် နည်းပညာဆိုင်ရာ ဦးဆောင်သူ အဖြစ် သတ်မှတ်ခြင်း ခံရသည်။