www.fgks.org   »   [go: up one dir, main page]

၂၀၂၁ စက်တင်ဘာ ၁၅ ရက် ည ၈ နာရီ - COVID-19 အတည်ပြုလူနာသစ် ၂,၄၂၄ ဦး၊ နောက်ထပ်သေဆုံးသူ ၇၆ ဦး။ အတည်ပြုလူနာစုစုပေါင်း ၄၃၈,၉၅၁ ဦး၊ သေဆုံးသူစုစုပေါင်း ၁၆,၇၈၄ ဦး။
(၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပိတ်ပွဲ နှင့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဖွင့်ပွဲ အစည်းအဝေး များသို့ တက်ရောက်ခဲ့သော ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဉီးကျော်မိုးထွန်း။

စစ်ကောင်စီကိုယ်စားလှယ် မြန်မာနိုင်ငံကိုယ်စားပြုကိစ္စ အမေရိကန်စောင့်ကြည့်

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဆက်လက်ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုတက်ရောက်ခွင့် မရအောင်တားဆီးဖို့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား သဘောတူညီမှု ရထားတဲ့အကြောင်း စက်တင်ဘာလ ၁၃ရက်နေ့က Foreign Policy မဂ္ဂဇင်းက သတင်းဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံအနေနဲ့ ဒီကိစ္စကို အနီးကပ် စောင့်ကြည့်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက RFA ကို ပြောပါတယ်။

တနိုင်း - ရှင်ဗွေလမ်းပေါ်မှာ စစ်ကောင်စီနဲ့ KIA တိုက်ပွဲဖြစ်

2021-09-15

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် တနိုင်းမြို့နယ်၊ တနိုင်း - ရှင်ဗွေလမ်းမပေါ်မှာရှိတဲ့ တရုန်ကျေးရွာနဲ့ တခက်ကျေးရွာကြားက ဆက်သွယ်ရေး တာဝါတိုင်အနီးမှာ စက်တင်ဘာလ ၁၅ ရက် ဒီနေ့ မနက် ၆ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တီးတိန်မြို့မှာ Mytel တာဝါတိုင်တွေ ဖျက်ဆီးခံရပြီးနောက် အင်တာနက်ပြတ်

2021-09-15

ချင်းပြည်နယ် (မြောက်ပိုင်း) တီးတိန်မြို့၊ ထုတ်လိုင်ကျေးရွာအနီးက မိုင်တယ် (Mytel) တာဝါတိုင်တစ်ခု စက်တင်ဘာ ၁၅ ရက်ဒီနေ့မှာ ဖောက်ခွဲဖျက်ဆီး ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

တရုတ်က မြန်မာနယ်စပ်မှာ ပိုင်နက်ကျော်ပြီး ခြံစည်းရိုးကာရံမှု ဒေသခံတွေကန့်ကွက်

2021-09-15

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဟက်ဟင်ကျေးရွာမှာ တရုတ်နိုင်ငံက မြန်မာပိုင်နက်ထဲကို ဝင်ပြီး ခြံစည်းရိုးကာနေလို့ဆိုပြီး ဒေသခံတွေက ကန့်ကွက် နေကြပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့မှာ တရုတ်ဘက်က ကာရံထားတဲ့ ခြံစည်းရိုးတွေကို ဒေသခံတွေက ဖျက်ဆီးခဲ့ကြပါတယ်။

ကလေးမြို့မှာ အမျိုးသားသုံးဦး ဖမ်းဆီးခံရ

2021-09-15

စစ်ကိုင်းတိုင်း ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်တဲ့ ဦးမောင်နဲ့ စက်မှုဇုန်ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦး၊ စုစုပေါင်း သုံးဦး စက်တင်ဘာလ ၁၄ ရက် မနေ့က ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို အမြန်ဆုံးသွားရောက်ဖို့ ကန်တိုက်တွန်း

2021-09-15

မြန်မာနိုင်ငံအရေး ဆွေးနွေးအဖြေရှာနိုင်ဖို့အတွက် အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို အမြန်ဆုံးသွားရောက်ဖို့ အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေး ကိုယ်စားလှယ် Katherine Tai က တိုက်တွန်းလိုက်ပါတယ်။

မကွေးနဲ့ စစ်ကိုင်းတိုင်းမှာ တစ်ပတ်အတွင်း နေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

2021-09-15

နိုင်ငံတစ်ဝန်း အာဏာသိမ်းစစ်ကောင်စီကို တော်လှန်ဖို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က စက်တင်ဘာလ ၇ ရက်နေ့က စစ်ကြေညာခဲ့ပြီးနောက် တစ်ပတ်အတွင်း မကွေးနဲ့ စစ်ကိုင်းတိုင်းတွေမှာ PDF နဲ့ တိုက်ခိုက်မှုကို အကြောင်းပြပြီး ကျေးရွာငါးရွာက နေအိမ်တစ်ရာကျော်ကို စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့ကြတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။ ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို မသိရသေးပါဘူး။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြု ဘယ်သူဖြစ်လာမလဲ

2021-09-15

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ စက်တင်ဘာ ၁၄ ရက် မနေ့ကစလို့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေပြီး မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် ဘယ်သူရွေးချယ်ခံရမလဲဆိုတာကို မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းက စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။

သုံးခွမြို့ NLD ရပ်ကျေးဥက္ကဋ္ဌနဲ့ အုပ်ချုပ်ရေးမှူးဟောင်း မိသားစု အဖမ်းခံရ

2021-09-15

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်ထဲက ဘုရားကြီးကျေးရွာမှာ စက်တင်ဘာ ၁၄ ရက် မနေ့ ညပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဒေါ်ဌေးဝင်းနဲ့ မိသားစုတွေအပြင် ဘုရားကြီးကျေးရွာ NLD ဥက္ကဋ္ဌ ဦးလှစိုးနဲ့ ပါတီဝင်အချို့ကို စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းသွားတယ်လို့ သုံးခွဒေသခံတွေကပြောပါတယ်။

ဧရာ၀တီဘဏ် ဓားပြတိုက်ခံမှု PDF လုပ်တာလို့ စစ်ကောင်စီစွပ်စွဲ

2021-09-15

ပဲခူးမြို့မှာ ဧရာဝတီဘဏ် (AYA Bank) ရဲ့ ကျပ်ငွေ သန်း ၄၀၀၀ ဓားပြတိုက် ခံရတဲ့ကိစ္စကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ကလုပ်တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပြီး စွပ်စွဲထားပါတယ်။

ဒဂုံတက္ကသိုလ် ကျောင်းသားခြောက်ဦး အဖမ်းခံရ

2021-09-15

ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူ ခြောက်ဦးကို စက်တင်ဘာ လ ၁၄ ရက် မနေ့ညပိုင်းက ကျောက်တံတားမြို့နယ်ထဲမှာ ဧည့်စာရင်းကို အကြောင်း ပြပြီး စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားပါတယ်။

စလင်းမြို့ NLD အလုပ်အမှုဆောင် ပစ်သတ်ခံရ

2021-09-15

မကွေးတိုင်း၊ စလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးနိုင်လင်းကို စက်တင်ဘာလ ၁၄ ရက် မနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပစ်ခတ် ဖမ်းဆီးခဲ့တာကြောင့် ကျည်ဆန်ထိမှန် သေဆုံးသွားပါတယ်။

တောင်တွင်းကြီးမှာ ဒေသခံ လေးဦး ထပ်အဖမ်းခံရ

2021-09-15

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ သိမ်ကုန်းကျေးရွာက ဒေသခံ လေးဦးကို စက်တင်ဘာလ ၁၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်သားတွေ လာဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

CDM တပ်မတော်သားနဲ့ ပြည်သူ့ရဲ မိသားစုတွေ ခြိမ်းခြောက်ခံနေရ

2021-09-14

CDM ပြည်သူနဲ့ပူးပေါင်းလာတဲ့ တပ်မတော်သားတွေနဲ့ ပြည်သူ့ရဲတွေရဲ့ မိသားစု တွေကို အာဏာသိမ်းစစ်ကောင်စီ အရာရှိတွေက နည်းမျိုးစုံနဲ့ ဆက်သွယ်ပြီး ခြိမ်းခြောက်မှုတွေ နဲ့ စည်းရုံးဖြားယောင်းမှုတွေ လုပ်ဆောင်နေပါတယ်။ ယခု လတ်တလောမှာတင် ပြည်သူ့ဘက်ကူးပြောင်းခဲ့တဲ့ ဗိုလ်မှူး ဟိန်းသော်ဦး ရဲ့ ညီမ မထိုက်ထိုက်ထွန်း ကို စစ်ကောင်စီ အရာရှိတစ်ဦးက Facebook Messenger က ဆက်သွယ်ပြီး သူ့အကိုနဲ့ မောင်တို့ကို လက်နက်ချခိုင်းဖို့ ခြိမ်းခြောက် ခဲ့တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

Credentials Committee အဖွဲ့ဝင် ကိုးနိုင်ငံစာရင်း ကြေညာ

2021-09-14

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ စတင်ကျင်းပ နေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် Credentials Committee လို့ ခေါ်တဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ကိုယ်စားလှယ် အသိအမှတ် ပြုရမယ့် စိစစ်ရေး ကော်မတီမှာ ပါဝင်ရမယ့် အဖွဲ့ဝင် ၉ နိုင်ငံကို မနေ့က ကြေညာလိုက်ပါတယ်။

အာဆီယံအသင်းဟာ မြန်မာပြည်သူထက် စစ်တပ်ကိုသာ ပိုအကျိုးပြု

2021-09-14

အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများ အသင်းရဲ့ သမိုင်းနောက်ခံနဲ့ အသင်းတည်ထောင်ပြီး နှစ် ၃၀ ကြာမှာ အဖွဲ့ဝင်ဖြစ်လာတဲ့ မြန်မာနိုင်ငံကို အာဆီယံက အကျိုးကျေးဇူးပြု၊ မပြု ဆိုတာကို RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ရခိုင်မှာ AA နဲ့ ပတ်သက်တဲ့အမှုတွေ အချိန်ဆွဲဆန့်ခံထားရ

2021-09-14

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲခံရတဲ့သူ တစ်ရာကျော်ဟာ အမှုရင်ဆိုင် နေရတာ အချိန် နှစ်နှစ်ကျော်ကြာလာတဲ့အထိ အမိန့်မချဘဲ ဆွဲဆန့်ခံထားရတဲ့ အတွက် နစ်နာမှုတွေရှိနေတယ်လို့ မိသားစုဝင်တွေနဲ့ ရှေ့နေတွေက ပြောပါတယ်။ ဒါကြောင့် တရားရုံးတွေက ပြန်လွှတ်တဲ့အမိန့်ကို အမြန်ဆုံးချမှတ်ပေးဖို့ကိုလည်း မိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။

နိုင်ငံခြားကုမ္ပဏီတွေ မြန်မာက ဘာကြောင့် ပြန်ထွက်နေတာလဲ

2021-09-13

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ အခုချိန်ထိ ခုနစ်လကျော်ကာလ အတွင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးတွေ မြန်မာနိုင်ငံကနေ တဖြည်း ဖြည်းချင်း ပြန်ရုပ်သိမ်းနေပြီး အဲဒီထဲမှာ ဩစတြေးလျအခြေစိုက် Myanmar Metals ကုမ္ပဏီလည်း ပါဝင်ပါတယ်။

သတင်းသမားတွေ ပစ်မှတ်ထား ဖမ်းဆီးခံနေရ

2021-09-12

စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြကြတဲ့သတင်းတွေ၊ CDM ဝန်ထမ်းတွေရဲ့ အခက်အခဲသတင်းတွေကို ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ အလွတ်သတင်းထောက် မသူဇာ ဟာ စက်တင်ဘာ ၁ ရက်နေ့ကစပြီး ဒီနေ့အထိ အဆက်အသွယ်မရတော့ဘူးလို့ သူ့မိသားစုဝင်တွေက ပြောပါတယ်။

NLD ကို နိုင်ငံရေးက ဖယ်ထုတ်ဖို့ ကြိုးပမ်းချက် တရုတ် လက်ခံမှာလား

2021-09-10

တရုတ်ကွန်မြူနစ်ပါတီက ဦးဆောင်ပြီး အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံ တွေက နိုင်ငံရေးပါတီတွေ ပါဝင်တဲ့ အွန်လိုင်းအစည်းအဝေးတစ်ခုကို စက်တင်ဘာ ၉ ရက် မနေ့က ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံက နိုင်ငံရေး ပါတီတွေဖြစ်တဲ့ NLD၊ USDP၊ ANP နဲ့ လီဆူးအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီက ကိုယ်စားလှယ်တွေကို ဖိတ်ကြားခဲ့ပါတယ်။

အာဏာသိမ်းမှုဂယက် တိုက်ခိုက်မှုတွေ ဆက်လက်ပြင်းထန်နိုင်

2021-09-10

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စက်တင်လ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက မြန်မာနိုင်ငံတစ်ဝန်းမှာ လက်နက်ကိုင်တိုက်ပွဲနဲ့ ပဋိပက္ခပေါင်း ၄၄၃ ကြိမ်အထိရှိခဲ့ပါတယ်။

radio-meters.jpg

နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက်

RFA စကားဝိုင်း

တိုင်းရင်းသားဘာသာဗီဒီယိုများ
ethinc-video-thumbnail

myanmar-unrest-500.jpg


ChinaReach_thumb

ဘာသာရေး၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး ပုတ်ခတ်တိုက်ခိုက်မှု၊ ရိုင်းစိုင်းတဲ့အသုံးအနှုန်း၊ ရှည်လျားတဲ့မှတ်ချက်များကို လက်ခံမည်မဟုတ်ပါ။

အယ်ဒီတာ့အကြိုက်

View Full Site